
၂၆-၃-၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်း သွားလာသူများအဖွဲ့ (International Organization for Migration–IOM) မှ Regional Director ဖြစ်သူ Dr. Nenette Motus နှင့်အဖွဲ့က ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ထိုင်းနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား ပြန်လည်ခေါ်ဆောင် ရာတွင် IOM မှ ပံ့ပိုးပေးခဲ့မှုများ၊ လူကုန်ကူးခံရသူများနှင့်မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးကိစ္စရပ်များတွင် IOM မှ ဆောင်ရွက်နေမှုများ၊ UEHRD ထူထောင်၍ လူသားချင်းစာနာမှုအကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုများအတွက် UEHRD ခေါင်းစဉ်အောက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှုအခြေအနေများ ၊ IOM အနေဖြင့် ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ သက်တမ်း တိုး လက်မှတ်ရေးထိုးရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။