သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်နည်းပြသင်တန်းဆင်းပွဲကျင်းပပြုလုပ်မှုသတင်း

26_Pic_01 26_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူး၍ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ (၂၀-၃-၂၀၁၈)ရက်နေ့မှ (၂၅-၃-၂၀၁၈)ရက်နေ့အထိ သင်တန်းသား (၆၀)ဦးဖြင့် သင်တန်းကာလ(၆)ရက်ကြာဖွင့်လှစ်ခဲ့သော သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်နည်းပြသင်တန်းဆင်းပွဲအခမ်းအနားအား (၂၅-၃-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး(ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေး မှူးဦးဆန်းနုမှ အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းသား/သင်တန်းသူများ အား သင်တန်းဆင်းလက်မှတ်များချီးမြှင့်ခြင်း၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုရန်အတွက် Handspeaker (၃) လုံး၊ ရေဒီ ယို (၃) လုံး၊ ဆိုလာမီးအိမ် (၃)လုံးတို့အား ထောက်ပံ့ပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events