ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာရွှေ့ပြောင်းသူများအား ပြန်လည်လက်ခံရေး၊ စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများပိတ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေး ဆိုင်ရာကိစ္စများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဗြိတိန်နိုင်ငံသံရုံး၊ သံအမတ်ကြီး လာရောက် တွေ့ဆုံဆွေးနွေးမှုသတင်း

22_Pic_05

22_Pic_04

 

၂၂.၃.၂၀၁၈၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား ဗြိတိန်နိုင်ငံသံရုံး၊ သံအမတ်ကြီး     H. E. Mr. Andrew Patrick ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါ ၀န်ကြီးရုံး၌ လာရောက် တွေ့ဆုံခဲ့ပါသည်။     ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ ထွက်ပြေးသွားသူများ ပြန်လည်လက်ခံရေးတွင် နိုင်ငံတကာအဖွဲ့အစည်းများပါ၀င်နိုင်မှု၊ ဘင်္ဂလား ဒေ့ရှ်မှ မြန်မာနိုင်ငံသို့ပေးပို့ထားသည့် လူဦးရေ(၈၀၃၂)ဦးစာရင်းအား စိစစ်ဆောင်ရွက်မှု အခြေအနေ၊ ပြန်လည်နေရာချထားရေးအတွက် အိုးအိမ်ဆောက်လုပ်မှု အခြေအနေများ၊ နိုင်ငံတွင်းနေထိုင်ကြောင်း သက်သေခံလက်မှတ်(NVC) ထုတ်ပေးမှု အခြေအနေနှင့် လုံခြုံရေး ဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုအနေအထား၊ စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းပါကပြန်လည်နေရာချထားရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် မြန်မာ အစိုးရမှ ဆောင်ရွက်မည့် အစီအစဉ်များကို သိရှိလိုပါ ကြောင်း ဆွေးနွေးပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဆိုပါ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီချက်ရေးထိုးပြီး ပူးတွဲလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် စံလုပ်ငန်းအစီအစဉ် (Standard Operation Procedure-SOP) ရေးဆွဲ ဆောင်ရွက်မှု၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့သည့်ပုံစံများအား မြန်မာအစိုးရက စိစစ်ရာတွင် အခက် အခဲများကြုံတွေ့ရမှု၊ ၄င်းတို့ထဲမှ ယခုအခါ(၅၅၆)ဦး ကိုစိစစ်ရရှိပြီးဖြစ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သို့ အတည်ပြုပြီးသူစာရင်းပေးပို့ပြီးသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖေါ်ရေး ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်တွင် လွတ်လပ်စွာသွားလာခွင့် ရရှိရေး၊ လုံခြုံရေး အားကောင်းစေရေး၊ စစ်တွေမြို့နှင့် မြေပုံမြို့ရှိ ကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းရေးကို ဦးစားပေးဆောင်ရွက်နေမှု၊ ၄င်းကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူများအား ၄င်းတို့နှင့် ရခိုင်လူထု၏ သဘောတူညီချက်ဖြင့် ပြန်လည်နေရာချထားရေးနှင့် အသက်မွေးဝမ်း ကျောင်းဖန်တီးပေးရေးအခြေအနေ၊ (NVC)ကတ်ကိုင်ဆောင်မှု၏ အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် ဆောင်ရွက်ထားမှု၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ အသစ်ဖွဲ့စည်း၍ ပြည်ထောင်စုဝန်ကြီး ဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်မှု၊ UEHRD ပြည်ထောင်စုစီမံကိန်းအရ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံနိုင်ငံများ ပူးပေါင်းပါ၀င်ဆောင်ရွက်နေမှုများနှင့် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေ များကို အသိပေးရှင်းလင်းပြောကြားခဲ့ပါ သည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏  လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  ဗြိတိန်နိုင်ငံရောက် မြန်မာမိသားစုများကိုယ်စား လှူဒါန်းငွေ ကျပ် (၈,၅၀၀,၀၀ိ/-) ကျပ်ရှစ်ဆယ့်ငါးသိန်းကို တာဝန်ရှိသူများ ဗြိတိန်နိုင်ငံရောက် မြန်မာမိသားစုများကိုယ်စား ဒေါ်နုနုလှိုင်မှ ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လာရောက် လှူဒါန်းရာ UEHRD ဒုတိယ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

Sign Up

Upcoming Events