ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အထက(၁)တွင် ပြည်နယ်အဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

25_Pic_02 25_Pic_03

 

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ပြည်သူလူထုအတွင်း ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အထက(၁)တွင် (၂၄-၃-၂၀၁၈)ရက်နေ့ (၀၉းဝဝ)နာရီအချိန်တွင် ပြည်နယ်အဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းလူငယ်များနှင့် ရပ်ရွာပြည်သူလူထု စုစုပေါင်း အင်အား (၁၀၀၀) ကျော်ခန့်ဖြင့်ကျင်းပခဲ့ရာ ပထမပိုင်း အစီအစဉ်တွင် ပြည်နယ်လူမှုဝန်ကြီး ဒေါက်တာ သင်းလွင်က အဖွင့်အမှာစကားပြောကြားခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက ပြောကြား ပြီးနောက် UNDP အဖွဲ့အစည်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကချင်ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတို့မှ သက်ဆိုင်ရာ ကဏ္ဌအလိုက် အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပြီး ဒုတိယပိုင်း အစီအစဉ်တွင် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းအား ဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား၍ (၁၁း၃၀) နာရီအချိန် တွင် လေ့ကျင့်ခန်းပြုလုပ်မှု အစီအစဉ် ပြီးဆုံးခဲ့ပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events