လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၄-၃-၂၀၁၈)ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်း ကျေးရွာအုပ်စု၊ ရေတွင်းကုန်ကျေးရွာ၊ လေးဂွကြီးကျေးရွာ၊ ဘင်္ဂလားကြီးကျေးရွာနှင့် ဘင်္ဂလားလေးကျေးရွာတို့၌ လေပြင်း ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအတွက် အိုးအိမ်များပြုပြင်ပေးခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)