လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၈)ရက်နေ့တွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ အုပ်စု၊ ကညို့ကျေးရွာနှင့် ကျွန်းကြီးကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာတို့တွင် လေပြင်းဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော နေအိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများ အား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာဆောင်ဖြန့်ဝေခြင်း လုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)