ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနှင့် ခန္ဓောကျေးရွာတို့တွင် လေပြင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း

24_Pic_02 24_Pic_03

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၈)ရက်နေ့တွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနှင့် ခန္ဓောကျေးရွာတို့တွင်တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း များဖြစ်သော နေအိမ်များ ပြုပြင်ပေးခြင်း၊ အိမ်အနီးရှိကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အာ(R)လိမ် များ ရိုက်ပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစောင်ဖြန့်ဝေခြင်း လုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာနေ ပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events