၁။ ၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ နေပြည်တော်(ရုံးချုပ်) ၌ (၇-၁၀- ၂၀၁၅) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဂေါ်ရခါးလူမျိုးစုများမှ ငွေကျပ် (၅၀,၀၀,၀၀၀)၊ Titan Mining Co.,Ltd မှ ငွေကျပ် (၅၀,၀၀,၀၀၀)၊ Asia Mining Co.,Ltd(Australia) မှ အမေရိကန်ဒေါ်လာ (၁၀၀၀) တို့ကို လာရောက်လှူဒါန်းခဲ့မှုများအတွက် အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်မှ လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
၂။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဦးစိုးမြင့်အောင်+ဒေါ်ကေဇင်၀င်း(မိသားစု) မှ ငွေကျပ် (၅၀,၀၀၀)၊ Donated by CPF Staff in Thailand Minburee & Bangna Factory မှ ငွေကျပ် (၆,၂၃,၀၀၀) တို့ကို လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၇-၁၀-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ်(၈၀၇၂၁,၉၀,၁၁၃/၆၁ါး)၊ အမေရိကန်ဒေါ်လာ (၃၃၁၈၄၉၂.၂၆)၊ ယူရို (၃၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျက်ရှိသည့်အပြင် အလှူငွေများကို ဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျက်ရှိပါကြောင်း သတင်းရရှိပါသည်။