လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃-၃-၂၀၁၈) ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်း ကျေးရွာအုပ်စု၊ ဘင်္ဂလားကြီးကျေးရွာ၌ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင် ရေးလုပ်ငန်းများဖြစ်သော နေအိမ်များ ပြုပြင်ပေးခြင်း၊ အိမ်အနီးရှိကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေးကြိုတင် ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗွီနိုင်းပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာဆောင်နှင့် နံရံကပ်ပိုစတာ ဖြန့်ဝေခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာလူငယ်များ၊ ကျေးရွာနေပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)