မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

23_Pic_01
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီး မှူးရုံးမှ ဝန်ထမ်းများသည် လေးမျက်နှာမြို့နယ်၊ မိုးကုတ်အုပ်စု ကရင်ဆယ်ကျေးရွာတွင် (၁၆-၂-၂၀၁၈)နေ့ မီးဘေးဖြစ်ပွားမှုကြောင့် လောင်ကျွမ်းပျက်စီးခဲ့သော အိမ်ခြေ(ဝါးအိမ်) (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ(၃၀၀၀၀၀ိ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၁၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၂၃၁၀၀/-)ကျပ်နှင့် ကြီးပေါက်ကုန်းအုပ်စု နင်းကြမ်းကျေးရွာတွင် (၂၅.၂.၂၀၁၈)နေ့ မီးဘေးဖြစ်ပွားမှုကြောင့် လောင်ကျွမ်းပျက်စီးခဲ့သော အိမ်ခြေ(သစ်အိမ်-၂လုံး)(ဝါးအိမ်-၁လုံး)တို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၅၀၀၀၀၀ိ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၃၁၅၀၀ိ/-)ကျပ်တို့ကို လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၂၂-၃-၂၀၁၈)ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events