
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ကောလင်းမြို့နယ်၊ ရေကန်သာကျေးရွာ အုပ်စု၊ သဖန်းကုန်းကျေးရွာ (၂၁-၃-၂၀၁၈)ရက်နေ့ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ် ရေးပစ္စည်း Family kits ပုံး(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀/-)ကျပ်၊ စုစုပေါင်း (၂၀၄၂၀၀/-)တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကောလင်းမြို့၌ (၂၂-၃-၂၀၁၈) နေ့တွင် မီးဘေးသင့်ပြည်သူ ထံသို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကော့လင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)