
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ၂၂.၃.၂၀၁၈ ရက်နေ့ နံနက်(၈း၃၀) နာရီတွင် မြစ်ကြီးနားမြို့ ငွေပျော် စံပြကျေးရွာ ငွေပျော်မူလတန်းကြိုကျောင်း၌ ရပ်ရွာပြည်သူတို့နှင့် တွေ့ဆုံရာတွင် မိမိ တို့ဝန်ကြီးဌာနအနေဖြင့် ဤကျေးရွာစတင်တည်ဆောက်စဉ်က ပြည်နယ်အစိုးရနှင့်ပူးပေါင်း၍ ဆန်ရိက္ခာများထောက်ပံ့ခြင်း၊ ဝင်ငွေ တိုးလုပ်ငန်းလုပ်ကိုင်နိုင်ရန်လည်း အရင်းမပျောက် မတည်ငွေများထုတ်ချေးပေးခြင်း၊ ကျေးရွာပတ်လည်ဖောက်လုပ်ရန် ကုန်ကျငွေ များထောက်ပံ့ပေးခြင်းများဆောင်ရွက်ပေးခဲ့ပါကြောင်း။ အခြားဝန်ကြီးဌာနများ ကလည်းဆိုင်ရာကဏ္ဍများကို အကောင်အထည် ဖော်ပေးပါကြောင်း၊ အလုပ်အကိုင်ရှိမှသာ မိသားစုစားဝတ်နေရေးချောင်လည်မည်ဖြစ်ပါကြောင်း၊ အခက်အခဲများရှိပါက ဆွေးနွေး ပေးစေလိုပါကြောင်း၊ ဝန်ကြီးဌာနနှင့် သက်ဆိုင်သောကဏ္ဍများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး တချို့ကိစ္စရပ်များအား အခြားဆက်စပ် ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ပါကြောင်း။ ယခုလာရောက်ရခြင်းမှာ အာဟာရဖြည့်စွက်အဖြစ် စားသုံးရန် ပဲစင်းငုံ၊ ပဲခွဲခြမ်း များ လာရောက်ထောက်ပံံ့ခြင်းဖြစ်ပါကြောင်း၊ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာရှိ အိမ်ထောင်စု(၃၇၄) စုအတွက် ပဲခွဲခြမ်း (၃၇၄) ပိသာ ထောက်ပံ့ပေးခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရွာသူရွာသားများက ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လျှပ်စစ်မီးနှင့် သာရေးနာရေးကိစ္စများ အလုပ်အကိုင် အခွင့်အလမ်းများဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်မှ ပံ့ပိုးကူညီပေးနိုင်ရေး ဆွေးနွေးကြပြီး ၊ ဒုတိယဝန်ကြီးက အပ်ချုပ်စက်သင်တန်း၊ ယက်ကန်းသင်တန်းများဖွင့် လှစ်ပေးနိုင်ရေးစီမံပေးခဲ့ကာ၊ အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ၊ပြည်နယ်အစိုးရတို့နှင့် ပေါင်းစပ်ညှိနှိုင်း ရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ပါသည်။ ၎င်းအပြင်ကျေးရွာရှိ ကလေးများအား အချိုရည်နှင့် အာဟာရမုန့်များဝေငှခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ဝိုင်းမော်မြို့နယ် မိုင်းနားစခန်းသို့ရောက်ရှိပြီး၊ မိုင်းနား RC စခန်းမှ ပြည်သူများ၊ ဝိုင်းမော်မြို့နယ်ရှိ စခန်း တာဝန်ခံများနှင့် တွေ့ဆုံကာ မိမိဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအတွက် လာရောက်ရခြင်းဖြစ် ပါကြောင်း၊ နေရပ်စွန့်ခွါပြည်သူများအနေဖြင့် စခန်းများတွင် စားဝတ်နေရေးခက်အခဲများလည်း ရှိနိုင်ပါကြောင်း၊ စီးပွားရေးအခက် ခဲများလည်းရှိနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အစိုးရလူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဖြေရှင်းဆောင်ရွက်လျက်ရှိပါ ကြောင်း။ ယခုလာရောက်ခြင်းမှာ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများ၊ အမျိုးသမီး ဦးဆောင် အိမ်ထောင်စုများကို လာရောက်ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဝိုင်းမော်မြို့နယ်မှ စခန်း(၁၄)ခု အတွက် ကျပ်သိန်း(၆၆၁)သိန်း ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး စခန်းတာဝန်ခံများအား ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပါသည်။
ထောက်ပံ့ကြေးများပေးအပ်ပြီးနောက် စခန်းရှိ ကလေးပျော်နေရာမှ ကလေး(၂၀၀) ဦးအား အာဟာရမှုန့်များဝေငှကာ၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ကလေးပျော်နေရာအတွက် ထောက်ပံ့သော အလှူငွေ (၁၅) သိန်းအား စခန်းတာဝန်ခံသို့ပေးအပ်ခဲ့ပါသည်။
Source: MSWRR