၁။ ၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများ အတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ပြည်သူများက အလှူ ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းလျှက်ရှိရာ နေပြည်တော် (ရုံးချုပ်) ၌ (၆-၁၀-၂၀၁၅) ရက်နေ့တွင် AUNGKANBO Trading Co,Ltd မှ ငွေကျပ် (၅၀၀,၀၀,၀၀၀/-) နှင့် ကျပ်သိန်း (၁၇၀) တန်ဖိုးရှိ မိုးကာတဲ (၁၀၀) လုံး၊ CHONGQING YINXIANG GROUP, China မှ ကျပ်သိန်း (၂၅၅) တန်ဖိုးရှိ တီရှပ် (၅၀၀၀) ထည်နှင့် မိုးကာတဲ (၁၀၀) လုံး၊ Product Services Department Myanmar Brewery Limited မှ ငွေကျပ်(၆,၀၀,၀၀၀/-) တို့ကို လာရောက်လှူဒါန်းခဲ့၍ Friends in Need (OF PA) Volunteer Thiland မှ အမေရိကန်ဒေါ်လာ (၅၅၀၅၉.၂၃)၊ Rh Ministarstvo Vanjskih Poslova မှ အမေရိကန်ဒေါ်လာ (၅၃၇၃၈.၆၂)၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၀၈၇၉၇.၈၅) ကို နိုင်ငံခြား အလှူငွေစာရင်း အမှတ် (1DA-0300086) သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ပါသည်။ လာရောက်လှူဒါန်းခဲ့မှုများအတွက် အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ အမြဲတမ်း အတွင်း ၀န်တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်မှ လက်ခံရယူကာ ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ခဲ့ ပါသည်။
၂။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၆-၁၀-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၈၀၆၁၅,၁၇,၁၁၃/၆၁ပြား)၊ အမေရိကန် ဒေါ်လာ (၃၃၁၇၄၉၂.၂၆)၊ ယူရို (၃၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိသည့်အပြင် အလှူငွေများကို ဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျှက်ရှိ ပါ ကြောင်း သတင်းရရှိပါသည်။