၁။ ၂၀၁၅ ခုနှစ်၊ ဇွန်မှသြဂုတ်လများအတွင်း မြန်မာနိုင်ငံအနှံ့ အပြား ဖြစ်ပွားခဲ့သော ရေကြီး၊ ရေလျှံမှု နှင့် မြေပြိုမှုများကြောင့် ရေဘေးသင့်ပြည်သူ များအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းလျှက်ရှိရာ နေပြည်တော် (ရုံးချုပ်) ၌ (၅-၁၀-၂၀၁၅) ရက်နေ့တွင် အလှူငွေလက်ခံရရှိမှုမရှိပါ။ AB Bank Ltd မှ အမေရိကန်ဒေါ်လာ (၁၀၀၀)၊ Consulate General Of the Republic Nanning မှ အမေရိကန်ဒေါ်လာ (၁၆၉၇၃.၆၁) ကို နိုင်ငံခြား အလှူငွေစာရင်းအမှတ် (1DA-0300086) သို့ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၇၉၇၃.၆၁) ကို တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ပါသည်။
၂။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ အနော်မာသုခုမနှင့် အနုပညာရှင် များအဖွဲ့အိမ် (၁) လုံးစာ (၆၄၀) စတုရန်းပေမှငွေကျပ် (၄၄,၄၀,၀၀၀/-)၊ အနော်မာသုခုမနှင့် အနုပညာရှင်များအဖွဲ့အိမ် (၁) လုံးစာ (၅၄၀) စတုရန်းပေမှ ငွေကျပ် (၃၇,၄၀,၀၀၀/-)၊ အနော်မာသုခုမနှင့် အနုပညာ ရှင်များ အဖွဲ့မှ ငွေကျပ် (၂၉,၂၀,၀၀၀/-) တို့ကို လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅)ရက်နေ့မှ(၅-၁၀-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာ ကျပ် (၈၀၁၀၉,၁၇,၁၁၃/၆၁ပြား)၊ အမေရိကန် ဒေါ်လာ (၃၂၀၈၆၉၄.၄၁)၊ ယူရို(၃၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်းသတင်းရရှိပါသည်။