၂၀၁၅ခုနှစ်၊ ဇွန်မှသြဂုတ်လများအတွင်း မြန်မာနိုင်ငံအနှံ့အပြားဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှု နှင့် မြေပြိုမှုများကြောင့် ရေဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်း များ၊ပြည်သူများက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းလျှက်ရှိရာ နေပြည်တော်(ရုံးချုပ်)၌ (၁-၁၀-၂၀၁၅)ရက်နေ့တွင် အလှူငွေလက်ခံရရှိမှုမရှိပါ။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ပန်းပဲတန်းမြို့နယ်၊ စစ်မှုထမ်းဟောင်းအဖွဲ့မှ ငွေကျပ် (၄၀,၀၀၀)၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ဗိုလ်တထောင်)ကျောင်းသား/ကျောင်းသူ များမှငွေကျပ်(၃,၆၄,၀၀၀/-)တို့ကိုလက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅)ရက်နေ့မှ(၁-၁၀-၂၀၁၅)ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ (၇၉၉၉၈,၁၇,၁၁၃ကျပ် ၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၁၉၀၇၂၀.၈၀)၊ ယူရို(၃၀၀)ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့် ပြည်သူများသို့ထောက်ပံ့လျှက်ရှိပါကြောင်းသတင်းရရှိပါသည်။