မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၃၀-၉-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်းမှာ (၇၉၉၉၄,၁၃,၁၁၃ ကျပ် ၆၁ပြား)၊ နှင့် အမေရိကန်ဒေါ်လာ (၃၁၉၀၇၂၀.၈၀)၊ ယူရို (၃၀၀)လက်ခံရရှိမှုသတင်း

၁။      ၂၀၁၅ ခုနှစ်၊ ဇွန်မှသြဂုတ်လများအတွင်း မြန်မာနိုင်ငံအနှံ့ အပြားဖြစ်ပွား ခဲ့သော ရေကြီး၊ ရေလျှံမှု နှင့် မြေပြိုမှုများကြောင့် ရေဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပ အစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေနှင့်ပစ္စည်းများ ပေးအပ် လှူဒါန်းလျှက်ရှိရာ KASIKORNBANK Public Co,Ltd မှ အမေရိကန်ဒေါ်လာ(၁၀၀,၀၀၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကို ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားသဘာ၀ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ အမြဲတမ်း အတွင်း၀န် တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်မှ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ခြင်းနှင့် JFE Engineering Corporation မှ အမေရိကန်ဒေါ်လာ (၂၀၀၀)၊ Export-Import Bank of India (YGN Rep: Office)မှ အမေရိကန်ဒေါ်လာ (၅၀၀)၊ Bank of India မှ အမေရိကန်ဒေါ်လာ (၅၀၀)၊ Co-operative Bank Ltd (Bank of India) မှ အမေရိကန် ဒေါ်လာ(၅၀၀)နှင့် Curtis Fox PP-485329302 Manager Cruises and Corporate Accounts Destination Asiaမှ အမေရိကန်ဒေါ်လာ (၂၀၀၀) ကို နိုင်ငံခြား အလှူငွေစာရင်း အမှတ်(1DA-0300086) သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ပါသည်။

၂။        ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ငွေကျပ် (၄,၁၀,၀၀၀ိ/-)လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၃၀-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၇၉၉၉၄,၁၃,၁၁၃ိ/၆၁ါး)၊ အမေရိကန်ဒေါ်လာ (၃၁၉၀၇၂၀.၈၀)၊ ယူရို (၃၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်း များကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါ ကြောင်း သတင်းရရှိပါသည်။

 

အလှူငွေလက်ခံရရှိမှုစာရင်း

 

 

Sign Up

Upcoming Events