၂၀၁၅ ခုနှစ်၊ ဇွန်လမှ သြဂုတ်လများအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သော ရေကြီး၊ ရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ခဲ့သောဒေသများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းလျှက်ရှိရာ ထိုင်းနိုင်ငံ KASIKORNBANK (K Bank) မှ အမေရိကန်ဒေါ်လာ (၁၀၀,၀၀၀) အား ပေးအပ် လှူဒါန်းပွဲအခမ်းအနားနှင့် Sustainvble Water Management အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့၊ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအခမ်းအနားတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အမြဲတမ်း အတွင်းဝန် တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်၊ မြန်မာနိုင်ငံဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်နှင့် First Senior of KASIKORN Bank Mr, Pattanapong Tansomboon တို့မှ အသီးသီး အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် အလှူငွေ အမေရိကန်ဒေါ်လာ (၁၀၀,၀၀၀) အား First Senior of KASIKORN Bank Mr, Pattanapong Tansomboon မှ ပေးအပ်လှူဒါန်းရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အမြဲတမ်းအတွင်းဝန် တာဝန်ခံ ညွှန်ကြားရေး မှူးချုပ်နှင့် မြန်မာနိုင်ငံဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်တို့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပခဲ့ရာ နေ့လည် (၁၂) နာရီ အချိန်တွင် ပြီးစီးကြောင်းနှင့် အခမ်းအနားသို့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာ ဌာန ဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။