
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၂-၂၀၁၈) ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ လုံးစန့်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှ အင်းတော်ကြီး ရွှေမဉ္စူရေလယ်ဘုရားသို့ ဘုရားဖူးလာရောက်သောအဖွဲ့သည် အင်းတော်ကြီးအင်းအတွင်း စက်လှေ တိမ်းမှောက်၍ လှေနစ်မြုပ်မှုကြောင့် လှေပေါ်ပါလာသူ (၁၈) ဦးအနက် ရေနစ်သေဆုံးသူ (၉) ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂,၇၀၀,၀၀၀) ကျပ်တို့အား (၂၇-၂-၂၀၁၈) ရက်နေ့တွင် မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)