မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေး တိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာ၌ (၂၆-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် လူနေအိမ် (၃၁) လုံး၊ လူဦးရေ (၁၄၅) ဦး မီးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်အိမ်ခြေ (၃၁) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၁၄၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၀၄,၅၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၄၀၄,၅၀၀) ကျပ်တို့အား (၂၇-၂-၂၀၁၈) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events