မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်း များကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ (၂၉-၉-၂၀၁၅) ရက်နေ့တွင် နေပြည်တော်(ရုံးချုပ်) ၌ အလှူငွေလက်ခံရရှိမှုမရှိပါ။ Consulate General of the Republic of the Union of Myanmar, Nanning City မှ အမေရိကန်ဒေါ်လာ(၁၅၂,၆၇၆.၀၆)၊ Royal Thai Embassyမှ အမေရိကန်ဒေါ်လာ (၁၃၈,၅၄၉.၀၅) ကို နိုင်ငံခြားအလှူငွေစာရင်းအမှတ် (1DA-0300086)သို့ စုစုပေါင်း အမေရိကန်ဒေါ်လာ(၂၉၁၂၂၅.၁၁)ကို တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ပါ သည်။
သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅)ရက်နေ့မှ (၂၉-၉-၂၀၁၅)ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ်(၇၉၉၉၀,၀၃,၁၁၃/၆၁ပြား)၊အမေရိကန်ဒေါ်လာ(၃၀၈၅၂၂၀.၈၀)၊ ယူရို (၃၀၀) ဖြစ်ပါသည်။ လက်ခံ ရရှိသော အလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်းသတင်း ရရှိပါသည်။