=================================================
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
(၁၉-၂-၂၀၁၈) ရက်နေ့၊ (၂၁း၄၅) နာရီအချိန်တွင် ဘူးသီးတောင်မြို့၊ သပြေကုန်းရပ်ကွက်၌ မီးကြွင်းကျန်မှ စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အနီးရှိ နေအိမ် ၂ လုံးအပါအဝင် အိမ်ခြေ (၃) လုံးမီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါမီးဘေးသင့်အိမ်ခြေ ၃ အိမ်မှ ဘေးသင့်ဦးရေ ၁၁ ဦးအတွက် ဆန်ရိက္ခာ ရ ရက်စာဖိုးငွေ (၂၃၁၀၀) ကျပ်၊ မီးလောင်လူနေအိမ် ၃ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀) ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု ၃ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး (၃) အိမ်ထောင်စာအား (၂၂-၂-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။