မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ (၂၈-၉-၂၀၁၅) ရက်နေ့တွင် နေပြည်တော်(ရုံးချုပ်)၌ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် နေထိုင်သူ Mr. Valenciennes မှ ယူရို(၃၀၀)ကို လာရောက်လှူဒါန်းရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်း ရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ဦးစိုးအောင်မှလက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဦးသန်းထိုက်+ဒေါ်တင်တင်၀င်းနှင့် မလေးရှားရောက် လူငယ်များမှ ငွေကျပ် (၃,၀၀,၀၀၀/-)၊ ဇနီးဒေါ်အုန်းကြည်နှင့် (သား) ဗိုလ်ကျော်ထွဋ်တို့အား ရည်စူး၍ စိုက်ပျိုးရေး ၀န်း၊ကြို့ကုန်း၊အင်းစိန်နေ ဦးဘဟန်၊ မိသားစုမှငွေကျပ် (၁,၀၀,၀၀၀/-)၊ စုစုပေါင်းငွေကျပ် (၄,၀၀,၀၀၀/-) ကိုလက်ခံရရှိခဲ့ပါသည်။သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅)ရက်နေ့မှ (၂၈-၉-၂၀၁၅)ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ (၇၉၉၉၀,၀၃,၁၁၃ကျပ် ၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၂၇၉၃၉၉၅.၆၉)၊ ယူရို (၃၀၀)ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့ လျက်ရှိပါကြောင်း သတင်းရရှိပါသည်။