ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ ဘောင်းဒွတ်ကျေးရွာအုပ်စု၊ ပန်းဘဲတန်းရပ်ကွက်၌ (၁၃-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁)၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁၀) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁,၀၀၀) ကျပ်တို့အား (၁၄-၂-၂၀၁၈) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)