မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၆-၉-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်းမှာ (၇၉၉၈၆,၀၃,၁၁၃ကျပ် ၆၁ပြား)၊ နှင့် အမေရိကန်ဒေါ်လာ(၂၇၉၃၉၉၅.၆၉) လက်ခံရရှိမှုသတင်း

၂၀၁၅ခုနှစ်၊ဇွန်မှ သြဂုတ်လများအတွင်း မြန်မာနိုင်ငံအနှံအပြားဖြစ်ပွားခဲ့သော ရေကြီး၊ ရေလျှံ မှုနှင့်မြေပြိုမှုများကြောင့် ဘေးသင်‌့ခဲ့သောဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေနှင့်ပစ္စည်းများပေးအပ်လှူဒါန်းလျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ဒေသအစိုးရနှင့် ပြည်သူများက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး၊ တမူးဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် အလှူငွေနှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကို၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် Horizon ဟိုတယ် Lake View Resort ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး၊ တမူးဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေ ကျပ်သိန်း (၂၀၀၀)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့နယ်မှ ပင်လယ်ရပ်ခြား တရုတ် အမျိုးသားရေးရာဌာန၊ ညွှန်ကြားရေးမှူး Mr. Lu Zhihuaက ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၀င်၊ စွမ်းအင်၀န်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဇေယျာအောင် ကလည်းကောင်း၊ တည်ဆောက်ရေးလုပ်ငန်း သုံးပစ္စည်းများဖြစ်သောကျပ်သိန်း(၃၀၀)တန်ဖိုးရှိဘိလပ်မြေ အိတ်(၃၆၀၀)နှင့် ကျပ်သိန်း(၂၄၀)တန်ဖိုးရှိ သွပ်ချပ်ရေ (၂၆၀၀)တို့ကို လင်ချန်းမြို့၊ ကြက်ခြေနီအသင်း၊ ဒုတိယဥက္ကဌ Ms.Zhang Mingfenက ပေးအပ်လှူဒါန်းရာ လျှပ်စစ်စွမ်းအား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးမော်သာထွေးကလည်းကောင်းအသီးသီး လက်ခံရယူကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ‌ေဒါက်တာသိန်းထွန်း၊ဒေါက်တာသန်းတိုး(မိသားစု)မှ ငွေကျပ် (၄၄,၄၀,၀၀၀) ကိုလက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍(၂၉-၇-၂၀၁၅)ရက်နေ့မှ(၂၆-၉-၂၀၁၅)ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ (၇၉၉၈၆,၀၃,၁၁၃ကျပ် ၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၂၇၉၃၉၉၅.၆၉) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။

 အလှူငွေလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events