၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့တွင် နေပြည်တော် Horizon ဟိုတယ် Lake View Resort ၌ ရေဘေးသင့်ပြည်သူများအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ယူနန်ပြည်နယ်၊ လင်ချန်းမြို့ဒေသအစိုးရနှင့် ပြည်သူများက စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေး၊ တမူးဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေနှင့် တည်ဆောက် ရေးလုပ်ငန်း သုံးပစ္စည်းများပေးအပ် လှူဒါန်းမှုသတင်း

၂၀၁၅ခုနှစ်၊ဇွန်မှ သြဂုတ်လများအတွင်း မြန်မာနိုင်ငံအနှံအပြားဖြစ်ပွားခဲ့သော ရေကြီး၊ ရေလျှံ မှုနှင့်မြေပြိုမှုများကြောင့် ဘေးသင်‌့ခဲ့သောဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေနှင့်ပစ္စည်းများပေးအပ်လှူဒါန်းလျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ဒေသအစိုးရနှင့် ပြည်သူများက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး၊ တမူးဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် အလှူငွေနှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကို၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် Horizon ဟိုတယ် Lake View Resort ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယနေ့အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့နယ်၊ ပင်လယ်ရပ်ခြားတရုတ် အမျိုးသားရေးရာဌာန ညွှန်ကြားရေးမှူး၊ Mr.Lu Zhihua က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ပါသည်။ ဆက်လက်၍ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ တရုတ်ကွန်မြူနစ်ပါတီ ကော်မတီ၊အတွင်းရေးမှူး Mr. Sun Qingyou မှ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ ပြည်သူ့အစိုးရ မြို့တော်၀န် Mr.Yang Haodong မှ ပေးပို့သော နှစ်သိမ့်အားပေးသ၀ဏ်လွှာကို ဖတ်ကြားပါသည်။ ယင်းနောက် ကလေး၊တမူးဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက် အလှူငွေကျပ်သိန်း (၂၀၀၀)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့နယ်၊ ပင်လယ်ရပ်ခြားတရုတ် အမျိုးသားရေးရာဌာန၊ ညွှန်ကြားရေးမှူး Mr. Lu Zhihuaက ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၀င်၊ စွမ်းအင်၀န်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဇေယျာအောင်ကလည်းကောင်း၊ တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သော ကျပ်သိန်း(၃၀၀)တန်ဖိုးရှိ ဘိလပ်မြေအိမ်(၃၆၀၀)နှင့် ကျပ်သိန်း(၂၄၀)တန်ဖိုးရှိ သွပ်ချပ်ရေ(၂၆၀၀)တို့ကို လင်ချန်းမြို့နယ်ကြက်ခြေနီအသင်း၊ ဒုတိယဥက္ကဌ Ms.Zhang Mingfenက ပေးအပ်လှူဒါန်းရာ လျှပ်စစ်စွမ်းအား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမော်သာထွေးကလည်းကောင်းအသီးသီးလက်ခံ ရယူကာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပါသည်။ ၎င်းနောက် စွမ်းအင်၀န်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဇေယျာအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ရာတွင် ရေဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအဖွဲ့အစည်း အသီးသီးတို့မှ လှူဒါန်း ကူညီထောက်ပံ့ခဲ့မှုများ၊ နိုင်ငံတော်မှထောက်ပံ့ခဲ့မှုများ၊ ဘေးသင့်ဒေသများ မူလအခြေအနေပြန်လည် ရောက်ရှိအောင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဆက်လက်ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အကြီးအကဲ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့စဉ်က မြန်မာနိုင်ငံရေဘေးသင့်ပြည်သူများအတွက် တရုတ်ယွမ်ငွေ သန်း(၉၀၀)ကျော်လှူဒါန်းခဲ့မှုနှင့်အတူ ယနေ့ယူနန်ပြည်နယ်၊ လင်ချန်းမြို့အစိုးရရဲ့ လှူဒါန်းထောက်ပံ့မှုအတွက် လည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၀င်၊ စွမ်းအင်၀န်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဇေယျာအောင်၊ လျှပ်စစ် စွမ်းအား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမော်သာထွေး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ တာ၀န်ရှိပုဂ္ဂိုလ်များ၊အေးရှားဝေါလ်ကုမ္ပဏီလီမိတက်၊ ဥက္ကဌနှင့်တာ၀န်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊လင်ချန်းမြို့မှ အဖွဲ့၀င်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

 

 

 

 

Sign Up

Upcoming Events