မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ (၂၄-၉-၂၀၁၅) ရက်နေ့တွင် The Government of His Majesty the Sultan and Yang Di- Pertuan of Brunei Darussalamမှ အမေရိကန်ဒေါ်လာ (၁၀၀၀၀၀)ကို လာရောက်လှူဒါန်းခြင်းနှင့် Consulate-Generan of the Republice of the Union of Myanmar Innanning China မှ အမေရိကန်ဒေါ်လာ(၆၁၈၉၄၁.၅၈)ကို ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေစာရင်းအမှတ်(1DA0300086)သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ရာ အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံရ ယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅)ရက်နေ့မှ (၂၄-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ (၇၇၉၄၁,၆၃, ၁၁၃ကျပ် ၆၁ပြား)၊ အမေရိကန်ဒေါ်လာ(၂၇၉၃၉၉၅.၆၉) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်း များကို ရေဘေးသင့်ပြည်သူများသို့ထောက်ပံ့လျှက်ရှိပါ ကြောင်းသတင်းရရှိပါသည်။