၂၀၁၅ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများ အတွက် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံရုံးမှ H.E. Pehin Dato Abdu’r Rahmani Dato Basir, Ambassador of the Brunei Darussalam to the Republic of the Union of Myanmar မှ အလှူငွေများပေးအပ်လှူဒါန်းမှု သတင်း

၂၀၁၅ခုနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများအတွင်း ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ပြည်သူများ အတွက် အလှူငွေများ လှူဒါန်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၄)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ပါသည်။

အစီအစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံရုံးမှ H.E. Pehin Dato Abdu’r Rahmani Dato Basir, Ambassador of the Brunei Darussalam to the Republic of the Union of Myanmar မှ အလှူငွေများ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်း‌​ပြောကြားပါသည်။ ထို့နောက် သံအမတ်ကြီးမှ ဘေးသင့်ပြည်သူများအတွက် His Majesty the Sultan and Yang Di-Pertuan of Brunei Darussalam မှ လှူဒါန်းသော အမေရိကန်ဒေါ်လာ (၁၀၀,၀၀၀)ကို ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ကာ ကျေးဇူတင် စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events