မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ သို့ လာရောက်လှူဒါန်းလျှက်ရှိရာ (၂၃-၉-၂၀၁၅) ရက်နေ့တွင် အာရှဖွံဖြိုးရေးဘဏ်မှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃)သန်းနှင့်ညီမျှသည့် မြန်မာငွေ (၃၈၁၅၁,၆၄,၇၇၅ ကျပ် ၆၁ပြား)နှင့် ဗိုလ်မှူးထိန်ရှင်း (အငြိမ်းစား)၊ မြောင်းမြမြို့မှ အလှူငွေကျပ် (၃,၀၀,၀၀၀/-)တို့ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်အလှူငွေ စာရင်းအမှတ် (OA-011834)သို့ တိုက်ရိုက်ထည့်သွင်းခြင်း၊ Embassy of Mon-golia Bangkok မှ အမေရိကန်ဒေါ်လာ (၁၀၀၀၀)ကို ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ စာရင်းအမှတ်(1DA-0300086) သို့ တိုက်ရိုက်ထည့်သွင်း လှူဒါန်းခဲ့ပါသည်။
သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅)ရက်နေ့မှ (၂၃-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ (၇၇၉၄၁,၆၃, ၁၁၃ကျပ် ၆၁ပြား)၊ အမေရိကန်ဒေါ်လာ(၂၁၇၅၀၅၄.၁၁) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများကိုရေဘေးသင့်ပြည်သူများသို့ထောက်ပံ့လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။