ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

31 Pic 02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ မော်လိုက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများ စုစုပေါင်း (၈၀) ဦးခန့်အား ငလျင်ဘေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ဆောင်ရန်/ရှောင်ရန် လိုက်နာရမည့် အချက်များအား ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events