ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

31 Pic 0231 Pic 01
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ပူးပေါင်း၍ (၃၁-၁-၂၀၁၈) ရက်နေ့၊ (၀၈း၂၃) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့်ဖြင့် ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်း အား ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် မိုးညိုမြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events