ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၃၀-၁-၂၀၁၈) ရက်နေ့တွင် မကွေးမြို့ အထက (၁) တွင် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။ (၃၀-၁-၂၀၁၈) ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် အထက(၁) ပန်းဟေဝန်ခန်းမတွင် ငလျင်အကြောင်းသိကောင်းစရာများကို တိုင်းဒေသကြီးမိုး/ဇလဦးစီးဌာနမှ ဦးလွင်ဦးမောင်က လည်းကောင်း၊ ငလျင်လှုပ်နေစဉ် ဘေးကင်းစွာနေထိုင်နည်းကို ကြက်ခြေနီတပ်ဖွဲ့မှ ဦးညီညီဇေမှ လည်းကောင်း ဟောပြောပို့ချခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ ထို့နောက်ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကို (၁၄း၃၀)နာရီ အချိန်တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ အန္တရာယ်ကင်းစုဝေးရပ်သို့ ရွှေ့ပြောင်းနေရာယူခြင်း၊ အကာကွယ် အောက်တွင် နေရာယူခြင်း၊ ဒဏ်ရာရကျောင်းသား/ကျောင်းသူများအား ရှေ့ဦးပြုစုကုသခြင်း၊ အရေးပေါ်လူနာ များကို ဆေးရုံသို့ ညွှန်းပို့ခြင်းတို့ကို အစီစဉ်အတိုင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)