မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၂-၉-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၃၉၇၈၆,၉၈,၃၃၈) နှင့် အမေရိကန်ဒေါ်လာ (၂၁၆၅၀၅၄.၁၁) လက်ခံရရှိမှုသတင်း

၁။      မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက် လှူဒါန်းလျှက်ရှိရာ (၂၂-၉-၂၀၁၅) ရက်နေ့တွင် Mr.Than Aung M.M Yusuf M, Chairamn and C.E.O Anwarual Haque & Yusuf Co.,L.L.Cမှ အမေရိကန်ဒေါ်လာ (၂၆၄၀) ကို လှူဒါန်းခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေက လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

၂။        ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ယခင်ရရှိထားသော ထိုင်းဘတ် (၁၀၀၀) အား မြန်မာငွေ ဖြင့်လဲလှယ်ရရှိငွေကျပ် (၃၅,၀၀၀ိ/-) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် အလှူငွေစာရင်း အမှတ် (OA-011834) သို့ တိုက်ရိုက်ထည့်သွင်းခဲ့ပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅)ရက်နေ့မှ (၂၂-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၃၉၇၈၆,၉၈,၃၃၈ိ/-)၊ အမေရိကန် ဒေါ်လာ (၂၁၆၅၀၅၄.၁၁) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများကို ရေဘေး သင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။

 

အလှူငွေလက်ခံရရှိမှုနှင့် သုံးစွဲသည့် စာရင်းများ

Sign Up

Upcoming Events