မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း

၂၀၁၅ခုနှစ်၊ ဇွန်၊ ဇူလိုင်လများအတွင်း ရေကြီး၊ ရေလျှံမှုများကြောင့် ဘေးသင်‌့ပြည်သူများအတွက် ဒေါ်မြမြဆန်း၊ ဦးနေထွန်းမင်း၊ ဦးမိုးသော်၊ METRO Group Co.,Ltd မှ ချင်းပြည်နယ်အတွင်း နေအိမ် (၁) လုံး ဆောက်လုပ်ရန်အတွက် အလှူငွေကျပ် (၄၄,၄၀,၀၀၀) အား လှူဒါန်းပွဲကို စက်တင်ဘာလ (၂၁) ရက်နေ့ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးဘုန်းဆွေ၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events