အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

18 Pic 04
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၈) ရက်နေ့ (၁၃း၃၀)အချိန်မှ (၁၅း၀၀)နာရီအချိန်အထိ ဖောင်းပြင်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌  ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀၀) ဦးအား သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဘောပင်များဝေငှပေးခြင်း၊ ဘေး (၈) မျိုးစာအုပ်နှင့် မီးဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events