မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၁-၉-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၃၉၇၈၆,၆၃,၃၃၈) နှင့် အမေရိကန်ဒေါ်လာ (၂၁၆၂၄၁၄.၁၁) လက်ခံရရှိမှုသတင်း

၁။                 မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၂၁-၉-၂၀၁၅) ရက်နေ့တွင် ဒေါ်မြမြဆန်း၊ ဦးနေထွန်းမင်း၊ ဦးမိုးသော်၊ METRO Group Co.,Ltd မှ ချင်းပြည်နယ်အတွင်း နေအိမ်(၁)လုံး ဆောက်လုပ်ရန်အတွက် အလှူငွေကျပ် (၄၄,၄၀,၀၀၀)၊ နမ့်ခမ်းမြို့ရှိ စေတနာရှင်ပြည်သူများမှ ငွေကျပ် (၁၃၃,၂၂,၈၃၈) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်အလှူငွေစာရင်း အမှတ် (OA-011834) သို့ တိုက်ရိုက်ထည့်သွင်းခြင်းအပါအ၀င် မြန်မာငွေစုစုပေါင်းကျပ် (၁၇၇,၆၂,၈၃၈) ကို လှူဒါန်းခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးဘုန်းဆွေ၊ အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န်တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့က လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

၂။                  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ အလှူငွေကျပ် (၆၉,၆၇,၄၀၀) ကို လက်ခံရရှိခဲ့ပါ သည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၁-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာကျပ် (၃၉၇၈၆,၆၃,၃၃၈)၊ အမေရိကန်ဒေါ်လာ (၂၁၆၂၄၁၄.၁၁) ဖြစ်ပါသည်။ လက်ခံရရှိသောအလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျက်ရှိပါကြောင်းသတင်းရရှိပါသည်။

အလှူရရှိငွေစာရင်းများအား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-

အလှူငွေလက်ခံရရှိမှုနှင့် သုံးစွဲသည့် စာရင်းများ

Sign Up

Upcoming Events