မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ (၁၈-၉-၂၀၁၅) ရက်နေ့တွင် ဦးအောင်ခိုင်(ဥက္ကဌ)၊ထွန်းကြွယ်ပေါစက်မှုကုမ္ပဏီလီမိတက်မှအလှူငွေကျပ်(၄၄,၄၀,၀၀၀/-) လှူဒါန်း ခြင်း၊ ယခင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၌ ကျင်းပခဲ့သော အခမ်းအနားတွင် လှူဒါန်းထား သည့် Standard Chartered Bankမှ အမေရိကန်ဒေါ်လာ (၁၀၀၀၀) (အမေရိကန် ဒေါ်လာ တစ်သောင်းတိတိ)ကို အလှူရှင်မှ ဘဏ်သို့ပေးသွင်းရာတွင် အမေရိကန်ဒေါ်လာတစ်သောင်း နှင့်ညီမျှသည့် မြန်မာငွေကျပ် (၁၂၇,၇၀,၀၀၀/-)ကို (CF-002301)သို့ တိုက်ရိုက်ထည့်သွင်းခြင်းနှင့် နေပြည်တော် (ရုံးချုပ်) တွင် လက်ခံရရှိထားသော အခြားနိုင်ငံခြားငွေစာရင်းများဖြစ်သည့် ထိုင်းဘတ် (၅၄၁၀၀)၊ တရုတ်ယွမ် (၇၅၃၀၀)၊ ယူရို(၄၂၀)၊ ဂျပန်ယန်း(၂၉၆၀၀၀)၊ သြစတြေးလျဒေါ်လာ (၅၇၀)၊ စင်္ကာပူဒေါ်လာ (၁၀၀၀) တို့ကို မြန်မာငွေဖြင့် လဲလှယ်ရရှိငွေ စုစုပေါင်းကျပ်(၂၁၇,၆၂,၇၈၀/-)၊ Ms.Surang Chantecrodade မှ အမေရိကန်ဒေါ်လာ (၁၈၆၂.၆၁ )၊ PTT Exploration and Production Public Co.,Ltd Thailand မှ အမေရိကန်ဒေါ်လာ (၁၅၆၃၀၀ )၊ PTT Public Co.,Ltd Thailand မှ အမေရိကန် ဒေါ်လာ(၁၇၁၅၄၉.၅၃)တို့ကို အလှူရှင်များမှ ငွေစာရင်း အမှတ်(1DA-0300086) သို့ တိုက်ရိုက် ထည့်သွင်းလှူဒါန်းခဲ့ရာ လူမှု၀န်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ဦးစိုးကြည်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅)ရက်နေ့မှ (၁၈-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာကျပ် (၃၉၅၃၄,၃၃,၁၀၀/-)၊ အမေရိကန်ဒေါ်လာ(၂၁၆၂၄၁၄.၁၁) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်းသတင်းရရှိပါသည်။