၁။ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေနှင့်ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက် လှူဒါန်းလျှက်ရှိရာ (၁၇-၉-၂၀၁၅) ရက်နေ့တွင် Industrial Bank of Korea မှ အမေရိကန်ဒေါ်လာ (၅၀,၀၀၀) ကိုလှူဒါန်းခဲ့ရာ လူမှု၀န်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးကြည်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်ခဲ့ပါသည်။
၂။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဆရာကြီးဦးဘမြင့်+ဆရာမကြီး ဒေါ်တင်ရီ၊ သားသမီးမြေးတစ်စု၊ မိုးဆန်းပန်းတိုင်းရင်းဆေးဝါးထုတ်လုပ် ရေးမှ ငွေကျပ် (၅၀,၀၀၀/-) ကို လက်ခံရရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၇-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာ ကျပ် (၃၉၁၄၄,၆၀,၃၂၀/-)၊ အမေရိကန်ဒေါ်လာ (၁၈၄၂၇၀၁.၉၇)၊ ထိုင်းဘတ် (၅၄၁၀၀)၊ တရုတ်ယွမ် (၇၅၃၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း (၂၉၆၀၀၀)၊ သြစတြေးလျဒေါ်လာ (၅၇၀)၊စင်္ကာပူဒေါ်လာ (၁၀၀၀) ဖြစ်ပါသည်။ လက်ခံရ ရှိသော အလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့ လျှက်ရှိပါကြောင်းသတင်းရရှိပါသည်။