ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများ အား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာအုပ်စု အာပြောင်ကျေးရွာအနီးတဝိုက်တွင် တပ်မတော်စစ်ကြောင်း နှင့် TNLA လက်နက်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားသဖြင့် (၃၁-၁၂-၂၀၁၇)ရက်နေ့ (၁ရး၃၀)နာရီအချိန်တွင် ထပ်မံရောက်ရှိလာ သော အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၃၆)စုမှ ကျား (၆၃)ဦး၊ မ (၉၃)ဦး စုစုပေါင်း (၁၅၆)ဦး အမှတ်(၈)ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံ ဝါဆိုကျောင်းနှင့် မိုင်းငေါ့မြို့တို့တွင် ကယ်ဆယ် ရေးစခန်း (၃)ခုဖွင့်လှစ်ခဲ့ပြီး (၃၁-၁၂-၂၀၁၇)ရက်နေ့ (၁၈း၃၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကြီးကြပ်မှုဖြင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု(၃၆)စုစာအား ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ကျောက်မဲခရိုင်ဦးစီးမှူး(ကဆရ)

Sign Up

Upcoming Events