ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများ အား ထောက်ပံ့မှုသတင်း ===============================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု အာပြောင်ကျေးရွာအနီးတဝိုက်တွင် တပ်မတော်စစ်ကြောင်း နှင့် TNLA လက်နက်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားသဖြင့် (၂၉-၁၂-၂၀၁၇)ရက်နေ့ (၁ရး၃၀)နာရီအချိန်တွင် ထပ်မံရောက်ရှိလာ သော အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၃၁)စုမှ ကျား (၆၁)ဦး မ(၈၉)ဦး စုစုပေါင်း(၁၅၀)ဦး အမှတ်(၈)ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံ ဝါဆိုကျောင်းနှင့် မိုင်းငေါ့မြို့တို့တွင် ကယ်ဆယ်ရေး စခန်း (၃)ခုဖွင့်လှစ်ခဲ့ပြီး (၃၁-၁၂-၂၀၁၇)ရက်နေ့ (၁၈း၃၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကြီးကြပ်မှုဖြင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု(၃၁)စုစာအား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ကျောက်မဲခရိုင်ဦးစီးမှူး(ကဆရ)

Sign Up

Upcoming Events