
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မြဝတီခရိုင် ဦးစီးမှူးရုံးမှ (၂၉- ၁၂ -၂၀၁၇)ရက်နေ့တွင် မြဝတီမြို့၊ ဝှေ့ရှမ်းကျေးရွာ၌ပြည်သူလူထု (၃၀၀)ဦးခန့်၊ အင်ကြင်းမြိုင်ကျေးရွာ၌ ပြည်သူလူထု (၃၀) ဦးခန့်နှင့် (၃၀ -၁၂ -၂၀၁၇)ရက်နေ့တွင် အမှတ် (၂) ရက်ကွက် သဲပုံဂိတ်၌ သဘာဝဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးဟောပြောခဲ့ရာ ပြည်သူလူထု (၃၀)ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရန်ကပ်ပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးမှူးရုံး(ကဆရ)