
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၃၀-၁၂-၂၀၁၇) ရက်နေ့ နံနက်(၁၀း၀၀)အချိန်မှ(၁၂း၀၀) အချိန်ထိ ကျောက်တော်မြို့နယ်သရက် တပင်ကျေးရွာမူလတန်းလွန်စာသင် ကျောင်း၌ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူနှင့် ကျေးရွာနေပြည်သူ (၁၄၈)ဦးအားလည်းကောင်း နေ့လယ် (၁၃း၀၀) အချိန်မှ (၁၅း၀၀)အချိန်ထိ စပါးဆိပ်(သရီ)ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ကျောင်းသား၊ ကျောင်းသူနှင့်ကျေးရွာနေပြည်သူ (၁၀၈)ဦး အားလည်းကောင်း သဘာဝဘေးနှင့်ပတ်သက်သည့်ဆောင်ရန်/ ရှောင်ရန်များကိုဟောပြောခြင်း ဘေး(၈)မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နံရံကပ်ပိုစတာများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ပေးအပ်ခြင်း သဘာဝဘေးနှင့် ပတ်သက်သည့် ဗွီဒီယိုမှတ်တမ်းများပြသခြင်း ပေါင်မုန့်များဝေငှခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးမှူးရုံး(ကဆရ)