ရေဘေးသင့်ပြည်သူများအတွက် ကိုရီးယားသမ္မတနိုင်ငံ IBK (Industrial Bank of Korea) မှ ဒုတိယဥက္ကဌြဖစ်သူ Mr.Yoon Joon-Koo ဦး​ဆောင်သော အဖွဲ့မှ အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း

၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လများအတွင်း ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် အလှူငွေများ လှူဒါန်းပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ကိုရီးယားသမ္မတနိုင်ငံ IBK (Industrial Bank of Korea) မှ ဒုတိယဥက္ကဌြဖစ်သူ Mr.Yoon Joon-Koo အဖွဲ့မှ အလှူငွေ အမေရိကန်ဒေါ်လာ (၅၀၀၀၀) ကို ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူးကိုယ်စား လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events