မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေနှင့်ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက် လှူဒါန်းလျက်ရှိရာ (၁၆-၉-၂၀၁၅) ရက်နေ့တွင် Siam Cement Group (SCG) မှ အမေရိကန်ဒေါ်လာ (၂၈,၀၀၀)၊ ကယားပြည်နယ် အစိုးရအဖွဲ့မှ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် အလှူငွေစာရင်းအမှတ် (OA-011834) သို့ တိုက်ရိုက် ထည့်သွင်းခြင်း ငွေကျပ်(၂၉၇,၀၀,၀၀၀/-)ကို လှူဒါန်းခဲ့ရာ လူမှု၀န်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးကြည်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီနှင့်မြို့ နယ်စည်ပင်သာယာရေးကော်မတီများမှအလှူငွေကျပ် (၁၀၀၀,၀၀,၀၀၀/-)၊ မန္တလေးတိုင်းဒေသကြီး ဦးစီး မှူးရုံး၌ အစိုးရပင်စင်အငြိမ်းစား အသင်းသူ/အသင်းသားများ(မန္တလေးမြို့) မှ အလှူငွေကျပ် (၂,၅၀,၀၀၀/-) တို့ကို လက်ခံရရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍(၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၆-၉-၂၀၁၅)ရက်နေ့ အထိ အလှူရရှိငွေ စုစုပေါင်းမှာကျပ် (၃၉၁၄၄,၁၀,၃၂၀/-)၊ အမေရိကန်ဒေါ်လာ (၁၇၉၂၇၀၁.၉၇)၊ ထိုင်း ဘတ် (၅၄၁၀၀)၊ တရုတ်ယွမ်(၇၅၃၀၀)၊ ယူရို(၄၂၀)ဂျပန်ယန်း(၂၉၆၀၀၀)၊ သြစတြေးလျဒေါ်လာ (၅၇၀)၊ စင်္ကာပူဒေါ်လာ (၁၀၀၀)ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့် ပြည်သူများသို့ ထောက်ပံ့လျက်ရှိပါကြောင်း သတင်းရရှိပါသည်။