မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၅-၉-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၃၇၈၄၄,၆၀,၃၂၀/-)၊ အမေရိကန် ဒေါ်လာ (၁၇၆၄၇၀၁.၉၇)၊ ထိုင်းဘတ် (၅၄၁၀၀)၊ တရုတ်ယွမ်(၇၅၃၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း (၂၉၆၀၀၀)၊ သြစတြေးလျဒေါ်လာ (၅၇၀)နှင့် စင်္ကာပူဒေါ်လာ (၁၀၀၀) လက်ခံရရှိမှုသတင်း

၁။     မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက် လှူဒါန်းလျှက်ရှိရာ (၁၅-၉-၂၀၁၅) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်) ၌ China National Aero-Technology Import & Export Corporation,P.R of Chinaမှ အမေရိကန်ဒေါ်လာ (၂၀,၀၀၀)၊ Nature Lovers International Co.,Ltd၊ ဥက္ကဌ၊ ဦးအောင်ဒင်မှ ငွေကျပ် (၃၇,၄၀,၀၀၀/-) ကိုလာရောက်လှူဒါန်းခဲ့ရာ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ ဦဘုန်းဆွေ၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့မှ လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

၂။     ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ လက်ခံရရှိထားသည့် ရင်းဂစ် (၂၀၀၀)၊ ထိုင်းဘတ် (၁၁၃၉၅၅) တို့ကို လဲလှယ်ရောင်းချရငွေ အမေရိကန် ဒေါ်လာ (၃၅၀၀) နှင့် မြန်မာငွေ (၁၁၇၅/-)၊ တရုတ်ကျန်မျိုးနွယ်၊ ကျန်တာ ဂွမ်းဘုရားကျောင်းမှ ငွေကျပ် (၁၀,၀၀,၀၀၀/-) လက်ခံရရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၅-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာကျပ် (၃၇၈၄၄,၆၀,၃၂၀/-)၊ အမေရိကန်ဒေါ်လာ (၁၇၆၄၇၀၁.၉၇)၊ ထိုင်းဘတ် (၅၄၁၀၀)၊ တရုတ်ယွမ် (၇၅၃၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း (၂၉၆၀၀၀)၊ သြစတြေးလျဒေါ်လာ (၅၇၀)၊ စင်္ကာပူဒေါ်လာ (၁၀၀၀) ဖြစ်ပါ သည်။ လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်းသတင်းရရှိပါသည်။

  အလှူငွေလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events