စက်တင်ဘာလ (၁၅) ရက်နေ့တွင် China National Aero-Technology Import & Export Corporation,P.R of China နှင့် Nature LoversInternational Co.,Ltd ဥက္ကဌ၊ဦးအောင်ဒင်တို့မှ ရေဘေးသင့် ပြည်သူများအတွက်အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း

၂၀၁၅ခုနှစ်၊ ဇွန်၊ဇူလိုင်လများအတွင်း ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် China National Aero-Technology Import & Export Corporation,P.R of China မှ အမေရိကန်ဒေါ်လာ(၂၀၀၀၀)နှင့် Nature Lovers International Co.,Ltd ဥက္ကဌ၊ ဦးအောင်ဒင် မှ ငွေကျပ်(၃၇,၄၀,၀၀၀/-) တို့အားလှူဒါန်းပွဲကို စက်တင်ဘာလ (၁၅)ရက်နေ့ နေပြည်တော်၌ကျင်းပ ပြုလုပ်ရာ အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ၊ အမျိုးသားသဘာ ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင် တို့က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။

                                                                                    

 

 

Sign Up

Upcoming Events