မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၁၄-၉-၂၀၁၅) ရက်နေ့တွင် နေပြည်တော်(ရုံးချုပ်)၌MRTVဝန်ထမ်းများနှင့်သဘင်အစည်းအရုံး(တပ်ကုန်း)မှငွေကျပ်(၂၈,၀၀,၀၀၀/-)၊ The Government of Republic of Koreaမှ အမေရိကန်ဒေါ်လာ(၂၀၀,၀၀၀) လာရောက်လှူ ဒါန်းခြင်း၊ First Commercial Bank Co.,Ltd Thai မှ အမေရိကန်ဒေါ်လာ (၃၀၀၀၀)ကို နိုင်ငံခြား အလှူငွေစာရင်းအမှတ် (1DA-0300086)သို့ တိုက်ရိုက် ထည့်သွင်းခြင်းနှင့် ရှမ်းပြည်နယ် အတွင်းရှိ ဘာသာရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများမှငွေကျပ် (၂၇၉,၉၅,၅၀၂/-)ကို မြန်မာ့စီးပွားရေး ဘဏ်၊ နေပြည်တော်အလှူငွေစာရင်းအမှတ် (CF-002301) သို့တိုက်ရိုက်ထည့်သွင်းခြင်း အပါအ၀င် စုစုပေါင်းမြန်မာငွေကျပ်(၃၀၇,၉၅,၅၀၂/-)၊ စုစုပေါင်းအမေရိကန် ဒေါ်လာ (၂၃၀၀၀၀) တို့ကို လာရောက် လှူဒါန်းခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာ မြတ်မြတ်အုန်းခင်၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေး မှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့မှ လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြား ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဦးကျော်လွင်+ဒေါ်နန္ဒီကို(မိသားစု)မှ ငွေကျပ် (၅,၀၀,၀၀၀/-)၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၌ အောင်နန်းဗလီလူမှု အကျိုးဆောင်အဖွဲ့မှငွေကျပ် (၂၈,၀၀,၀၀၀/)ကို လက်ခံ ရရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၄-၉-၂၀၁၅)ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၃၇၇၉၇,၁၉,၁၄၅/-)၊ အမေရိကန်ဒေါ်လာ (၁၇၄၁၂၀၁.၉၇)၊ ထိုင်းဘတ်(၁၆၈၀၅၅)၊ မလေးရှား ရင်းဂစ်(၂၀၀၀)၊ တရုတ်ယွမ် (၇၅၃၀၀)၊ ယူရို(၄၂၀)၊ဂျပန်ယန်း(၂၉၆၀၀၀)၊ သြစတြေးလျဒေါ်လာ (၅၇၀)၊ စင်္ကာပူဒေါ်လာ (၁၀၀၀)ဖြစ်ပါသည်။လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများကိုရေဘေးသင့် ပြည်သူ များသို့ ထောက်ပံ့လျက်ရှိပါကြောင်း သတင်းရရှိပါသည်။