ကိုရီးယားပြည်သူ့သမ္မတနိုင်ငံမှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများထပ်မံလှူဒါန်းမှုသတင်း

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်ရခိုင်ပြည်နယ်များရှိ ရေဘေးသင့်ပြည်သူများအတွက် ပျက်စီးသွားသော နေအိမ်များနှင့် ကျောင်းများ ပြန်လည်တည်ဆောက်ရာတွင် အသုံးပြုရန် အမေရိကန်ဒေါ် လာ (၂၀၀,၀၀၀) အား ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံအမတ်ကြီး H.E .Lee Beaksoon က ပေးအပ်လှူဒါန်းရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events