၁။ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက် လှူဒါန်းလျှက်ရှိရာ (၁၃-၉-၂၀၁၅) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်) ၌ အလှူငွေ လက်ခံရရှိမှုမရှိပါ။
၂။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ အလှူငွေကျပ် (၈,၁၅,၀၀၀/-)ကို လက်ခံရရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၃-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာကျပ် (၃၇၄၅၆,၂၃,၆၄၃/-)၊ အမေရိကန် ဒေါ်လာ (၁၅၁၁၂၀၁.၉၇)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၇၅၃၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း (၂၉၆၀၀၀)၊ သြစတြေးလျဒေါ်လာ (၅၇၀)၊ စင်္ကာပူ ဒေါ်လာ (၁၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။
အလှူငွေလက်ခံရရှိမှုစာရင်းများကို အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-