၁။ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၁၂-၉-၂၀၁၅) ရက်နေ့တွင် နေပြည်တော်(ရုံးချုပ်)၌ အလှူလက်ခံရရှိမှုမရှိပါ။
၂။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ အနာထပိဏ်ပရဟိတအလှူအသင်း၊ ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြို့မှငွေကျပ် (၄,၀၀,၀၀၀)၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများမှ ငွေကျပ် (၅၀,၀၀,၀၀၀)၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းမှ ငွေကျပ် (၆၆,၈၁,၀၀၀) ကို လက်ခံရရှိခဲ့ပြီး၊ The Embassy of Brunei Darussalam မှ အမေရိကန် ဒေါ်လာ (၁၀၀,၀၀၀) ကို အလှူငွေစာရင်းအမှတ် (1DA-0300086) သို့ တိုက်ရိုက်ထည့်သွင်းခဲ့ပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၂-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၃၇၄၄၈,၀၈,၆၄၃)၊ အမေရိကန် ဒေါ်လာ (၁၅၁၁၂၀၁.၉၇)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၇၅၃၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း(၂၉၆၀၀၀)၊ သြစကြေးလျဒေါ်လာ (၅၇၀)၊ စင်္ကာပူဒေါ်လာ (၁၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသောအလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
အလှူငွေလက်ခံရရှိမှုစာရင်းများကို အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-