မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက် လှူဒါန်းလျှက်ရှိရာ (၁၁-၉-၂၀၁၅) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်) ၌ ဦးသူရ၊ ညီမ ဒေါ်သစ်သစ်လွင်၊ သံသုမာလမ်း၊ (၁၄/၁) ရပ်ကွက်၊ တိုက်အမှတ် (၃၀၃-စီ)၊ တောင်ဥက္ကလာပမြို့ နယ်၊ ရန်ကုန်မြို့မှ ငွေကျပ် (၂,၀၀,၀၀၀) ကို လာရောက်လှူဒါန်းရာ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န်တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်မှ လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ရန်ကုန်တိုင်းဒေသ ကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ (စည်ပင်အတွင်း) မှ အလှူငွေကျပ် (၁၀၆,၅၀,၀၀၀ိ/-) ကို လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၁-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာကျပ် (၃၇၃၂၇၂၇၆၄၃)၊ အမေရိကန်ဒေါ်လာ (၁၄၁၁၂၀၁.၉၇)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၇၅၃၀၀)၊ ယူရို(၄၂၀)၊ ဂျပန်ယန်း (၂၉၆၀၀၀)၊ သြစတေြးလျဒေါ်လာ (၅၇၀)၊ စင်္ကာပူ ဒေါ်လာ (၁၀၀၀) ဖြစ်ပါ သည်။ လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်း သတင်းရရှိပါ သည်။